မင်းတုန်းမင်းကြီးနှင့်ချစ်သူရွာ

မင်းတုန်းမင်းကြီးနှင့်ချစ်သူရွာ

 

 

 

 

 

 

 

 

 

 

 

ကုန်းဘောင်မင်းဆက်စစ်ကိုင်းမင်း(ဘကြီးတော်တော်ဘုရား)
လက်ထက်မှာအဂ်လိပ်မြန်မာပထမစစ်ဖြစ်ပွားပြီးနယ်မြေ ဆုံးရှုံးလိုက်ရတယ်။

နန်းတွင်းရေးမှာလည်းအရှုပ်အထွေးများစွာရှိတဲ့အနက်မိဖုရား ခေါင်မယ်နုကသူမ၏မောင်တော်မင်းသားကြီးမောင်အိုကိုနန်းတင်ချင်တယ်။

အိမ်ရှေ့စံသာယာဝတီမင်းသားနှင့်လုံးဝမသင့်မတင့်ကြပေ။
မယ်နု ရဲ့နောက်အစီအစဥ်တစ်ခုကစစ်ကိုင်းမင်း၏သားတော်
စကြာမင်းသားလေးကိုမိမိသမီးတော်ဆင်ဖြူမရှင်နှင့်လက်ဆက်ပေးပြီးထီးနန်းကိုချုပ်ကိုင်ထားလိုတယ်။

ဒီအစီအစဥ်အကောင်အထည်ဖော်ဖို့အိမ်ရှေ့စံသာယာဝတီမင်းသားနှင့်အစွယ်အပွားများကိုအရင်ဆုံးရှင်းပစ်ဖို့လိုတယ်။
သာယာဝတီမင်းသားရဲ့အိမ်တော်ကိုစစ်တပ်နဲ့ဝိုင်းတယ်။
အိမ်ရှေ့မင်းရဲ့တပ်များနဲ့ဘုရင့်တပ်တော်တို့အကြိမ်ကြိမ်တိုက်ပွဲ
ဖြစ်ပွားတယ်။

ဒီလိုနန်းတွင်းရေးရှုပ်ထွေးချိန်မှာသာယာဝတီမင်းသား၏
သားတော်အသက် (၁၆)နှစ်အရွယ်မင်းသားမောင်စံလွင်က
ဗားဂရာကျောင်းတိုက်ကြီးမှာပညာသင်နေတယ်။

မယ်နုကသာယာဝတီမင်းသားအဆက်အနွယ်များကို
ကျူပင်ခုတ်ကျူငုတ်မကျန်ရှာဖွေဖမ်းဆီးသတ်ဖြတ်လျက်ရှိတယ်။

ထိုကျောင်းတော်ကြီးမှာသီတင်းသုံးသောမူသောပန်းဒူးဆရာတော်ကြီးကမောင်စံလွင်အတွက်စိတ်ပူတော်မူတယ်။ဒါကြောင့်ကိုရင်ကြီးဦးဝိသုဒ္ဓကိုခေါ်ပြီးမင်းသားလေးဒီမှာရှိနေရင်အသတ်ခံရမှာစိုးသောကြောင့်ပုခန်းနယ်ကိုခေါ်သွားပြီးဝှက်ထားဖို့မိန့်ကြားတယ်။

ဦးဝိသုဒ္ဓနှင့်ညီမတော်သီလရှင်မယ်နတ်ပေး၊မောင်စံလွင်နှင့်
မောင်စံခင်တို့ဟာတောင်အိုနယ်မှာပုန်းအောင်းနေပြီးနောက်ပုခန်းငယ်အနီး”ချစ်သူရွာ” မှာပြောင်းရွှေ့လာကြတယ်။

အိမ်ရှေ့မင်းတပ်များအနိုင်ရပြီး (၁၁၉၉)ခုနှစ်မှာအင်းဝနန်းကို
သာယာဝတီမင်းသိမ်းပိုက်တော်မူတယ်။အဲဒီတော့မှာဦးဝိသုဒ္ဓလည်းမောင်စံလွင်တို့ကိုသာယာဝတီမင်းလက်သို့အပ်လိုက်တယ်။

သာယာဝတီမင်းလည်းသားတော်နှစ်ပါးဘေးမသီရန်မရောက်လာတာကြောင့်ဝမ်းသာတော်မူတယ်။မောင်စံလွင်ကိုမင်းတုန်းမြို့ကိုစားစေတယ်။မင်းတုန်းမြို့ဆိုတာတောင်စဥ်ခုနှစ်ခရိုင်ဟုခေါ်သော
မင်းတုန်း၊မင်းတပ်၊တိုင်တား၊မြို့ဟောင်း၊မြို့သစ်၊ပန်းတိမ်မန်းဖဲ(ငဖဲ)တို့အတွင်းမှာအပါအဝင်ဖြစ်တယ်။

မောင်စံခင်ကိုကနောင်မြို့ကိုစားစေတယ်။မင်းသားနှစ်ပါးတို့ကိုလွှတ်တက်မင်းသားများအဖြစ်လည်းခန့်ထားတယ်။နောင်တော်စစ်ကိုင်းမင်းကိုနန်းချလျက်ကောင်းမွန်စွာထားတယ်။မင်းသားကြီးမောင်အိုကိုကွပ်မျက်တယ်။

နန်းမတော်မယ်နုကိုအစကကောင်းမွန်စွာထားပေမယ့်မသင့်သောအကြံကိုကြံစည်တယ်ဆိုပြီးစကြာမင်းသားလေးနှင့်အတူရေချတော်မူတယ်။၁၂၀၈ ခုမှာ သာယာဝတီမင်းနတ်ရွာစံတော့
သာယာဝတီမင်းနှင့်မိဖုရားခေါင်ကျပင်းမိဖုရားကြီး ရဲ့သားတော်ပုဂံမင်းနန်းတက်တယ်။

မင်းတုန်းမင်းသားမှာပုဂံမင်းထက်အရည်အချင်းပြည့်သော်လည်း
နန်းရမိဖုရားမှမွေးဖွားခြင်းမဟုတ်တဲ့အတွက်ဘုရင်ဖြစ်ခွင့်မရပေ။
မင်းတုန်းမင်းသား၏မယ်တော်မှာအဆောင်ရမိဖုရားတစ်ပါးသာဖြစ်တယ်။

ပုဂံမင်းကနန်းတွင်းရေး၊အုပ်ချုပ်ရေးတို့ကိုစိတ်မဝင်စားပဲ
အပျော်အပါးမက်နေတာကိုမှူးကြီးမတ်ရာများကမကျေနပ်ကြပေ။
မလိုလားမနှစ်သက်သူတွေများလာတဲ့အတွက်အင်အားစုစည်း၍
မင်းတုန်းမင်းသားနှင့်ကနောင်မင်းသားတို့ကပုဂံမင်းကိုတော်လှန်ပုန်ကန်လိုက်ကြတယ်။

ထို့နောက်ပုဂံမင်းကိုနန်းချပြီးမင်းတုန်းမင်းထီးနန်းရတယ်။မင်းသားဘဝကအသက်သခင်ကျေးဇူးရှင်လည်းဖြစ်ပြီးတော်လှန်ပုန်ကန်ရာမှာရွှေဘိုအထိလိုက်ပါလာသောဦးဝိသုဒ္ဓကိုနေပြည်တော်ခေါ်ယူလူဝတ်လဲ၍ချီးမြှောက်ပြီးမင်းကြီးဦးရန်ဝေးအမည်နှင့်အမှုတော်ထမ်းဆောင်စေတယ်။

မင်းတုန်းမင်းကြီးနှင့်မိဖုရားခေါင်စကြာဒေဝီတို့ကကျေးဇူးရှင်လည်းဖြစ်၊ဆရာလည်းဖြစ်တဲ့မင်းကြီးဦးရန်ဝေးအိမ်ကိုနေ့စဥ်ပွဲတော်အုပ်နှစ်အုပ်ပို့ပေးတော်မူတယ်။ဦးရန်ဝေး ရဲ့ညီမတွေဖြစ်တဲ့သီလရှင်မယ်နတ်ပေးနဲ့မယ်ထပ်ကိုကျောင်းဆောက်လှူဒါန်းပြီးသမီးတော်များကိုစာသင်စေတယ်။

ကျေးဇူးရှင်ပန်းဒူးဆရာတော်ကြီးသီတင်းသုံးတော်မူရာချစ်သူရွာအနီး ပုခန်းငယ်အရပ်မှာကျောင်းတော်ကြီးဆောက်လုပ်လှူဒါန်းရန်ဦးရန်ဝေးအားတာဝန်ယူဆောက်လုပ်စေတယ်။မင်းကြီးဦးရန်ဝေးကကျောင်းတော်ကြီးတစ်ခုလုံးကိုကျွန်းသစ်နှင့်ဆောက်တယ်။

ထိုကျောင်းတော်ကြီးမှာတိုင်ပေါင်း (၃၃၂)တိုင်ပါသဖြင့်”စိန်စီကျောင်း”ဟုအတိုကောက်မှတ်သားထားတယ်။ကျောင်းတော်ကြီးမှာကြီးကျယ်ခမ်းနားလှပါတယ်။၁၂၁၈ ခုမှာစတင်ဆောက်လုပ်ခဲရာ ၁၂၂၆ ခုနှစ်မှာပြီးစီးပါတယ်။

ပန်းဒူးဆရာတော်ကြီး၊ပခန်းမင်းကြီးဦးရန်ဝေးသီလရှင်မယ်နတ်ပေး၊မယ်ထပ်တို့မှာပုခန်းငယ်နှင့်”ချစ်သူရွာ”ဇာတိဖြစ်ကြတယ်။
မင်းတုန်းမင်းကြီးအသက်မသေအောင်ခိုလှုံခဲ့ရာ”ချစ်သူရွာ”သည်ပုခန်းကြီးဒေသမှာတည်ရှိပါတယ်။

Credit

Add a Comment

Your email address will not be published.