ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့(၄)ရက်အတွင်း တရားမဝင်မြန်မာလုပ်သား(၈၀၀)ကျော် ဖမ်းဆီးရရှိ
|ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့(၄)ရက်အတွင်း တရားမဝင်မြန်မာလုပ်သား(၈၀၀)ကျော် ဖမ်းဆီးရရှိ
ထိုင်းနိုင်ငံ မှာ နေ့စဥ်နဲ့အမျှ တရားမဝင်အလုပ်သမားများဖမ်းဆီးခံရမှုတွေဟာ ပိုတိုးလေ့ရှိလာပြီး ယခုလ မေလ(၂)ရက်နေ့မှစတင်ကာ တရားမဝင်မြန်မာလုပ်သားများစွာဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။
မေလ(၂)ရက်နေ့မှစတင်က ယနေ့ မေလ(၆)ရက်နေ့အထိ (၄)ရက်တာအတွင်း တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာလုပ်သားပေါင်း(၈၀၀)ကျော် ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။
ထို မြန်မာလုပ်သား (၈၀၀)ကျော်လုံးဟာ လူပွဲစားတွေလက် မှ တဆင့် ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်လာခြင်းဖြစ်ပြီး ထိုသို့ရောက်ရှိလာဖို့အတွက် တစ်ဦးလျှင် ဘတ်(၂)သောင်းမှ (၃)သောင်းအထိပေးရတယ်လို့ သိရပါတယ်။
Photo Credit From Original Uploader
Photo Credit From Original Uploader