ကျဉ်းမြောင်းတဲ့ ရေတွင်းထဲပြုတ်ကျသွားခဲ့တဲ့ ကလေးငယ်ကို ခက်ခက်ခဲခဲ အသက်ရှင်လျက်နဲ့ ကယ်တင်နိုင်ခဲ့တဲ့ ရုပ်သံဖိုင်

ကျဉ်းမြောင်းတဲ့ ရေတွင်းထဲပြုတ်ကျသွားခဲ့တဲ့ ကလေးငယ်ကို ခက်ခက်ခဲခဲ အသက်ရှင်လျက်နဲ့ ကယ်တင်နိုင်ခဲ့တဲ့ ရုပ်သံဖိုင်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

တရုတ်နိုင်ငံ မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကလေးငယ်တစ်ဦးဆော့ကစားနေရင်း ကနေ ရေတွင်းတူးထားသည့်အထဲကို မတော်တဆ ပြုတ်ကျသွားခဲ့တဲ့ ဖြစ်ရပ်ရဲ့ ရုပ်သံဖိုင်တစ်ခုကို ဆင်ဟွာသတင်းက ဖော်ပြလာတာ တွေ့ရပါတယ်။ ဒီဗီဒီယိုမှာတော့ အသက် ၂ နှစ်အရွယ်လို့ ယူဆရတဲ့ မိန်းကလေးငယ်တစ်ဦးဟာ ဆော့ကစားနေရင်း အနက် ၃ မီတာ ၊ အကျယ် ၃၀ စင်တီမီတာသာရှိတဲ့ အလွန်ကျဥ်မြောင်းသည့် ရေတွင်းထဲ ပြုကျသွားခဲ့ပါတယ်။

 

 

ကလေးငယ်က အပေါ်ကို ပြန်မတက်နိုင်တဲ့ အတွက် မိဘများက အပြင်ကို ကယ်ထုတ်ဖို့ ခက်ခဲလှတာကြောင့် ရဲနှင့် ကယ်ဆယ်ရေး အဖွဲ့တွေကို အကူအညီတောင်းခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့များရောက်လာချိန်မှာလည်း ရေတွင်းဟာ အရမ်းကျဥ်းမြောင်းတာကြောင့် ကလေးငယ်ကို ကယ်ထုတ်ဖို့ အခက်တွေ့စေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ခန္ဓာကိုယ်သေးငယ်တဲ့ လမ်းသူလမ်းလာသူ လူငယ်တစ်ဦးက ရေတွင်းထဲကို ဇောက်ထိုးဆင်းပြီး ကလေးငယ်လေးကို ၁၀ မိနစ်အတွင်း အသက်ရှင်လျက်နဲ့ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

 

 

ကလေးငယ် အပြင်ကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် မိဘနှစ်ပါးက ပွေ့ဖက်ပြီး အရေးပေါ်ကားဆီသို့ ပြေးတက်သွားခဲ့ပါတယ်။ ကလေးငယ်ကို ရေတွင်းကနေ ကယ်ထုတ်ရာမှာ လာရောက်ကြည့်ရှုသူတွေ များစွာရှိတာ တွေ့ရပါတယ်။ ကလေးငယ်ကို ၁၀ မိနစ်အတွင်း ကယ်ထုတ်နိုင်ခဲ့တာဟာ တကယ့်ကို ကံကောင်းပြီး ကယ်ဆယ်စဥ်အတွင်း အမှားအယွင်းတစ်ခုခုသားဖြစ်ရင်တော့ ကလေးငယ်အတွက်တော့ မတွေးဝံ့စရာပါ။ ရေတွင်းကနေ ကလေးငယ်ကို ကယ်ထုတ်ခဲ့တဲ့ မှတ်တမ်းတင် ရုပ်သံကို ပြန်လည်ကြည့်ရှုနိုင်အောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

https://www.instagram.com/p/CdM5wJEJaqA/?utm_source=ig_embed&ig_rid=e649bf05-2613-4bb0-9ac1-ebceffa0694a

 

သတင်း အရင်းအမြစ်៖ Xinhua

Add a Comment

Your email address will not be published.