မြန်မာနိုင်ငံသူ အိမ်ဖော်မိန်းကလေး ကို သတ်ဖြတ်မှုကြောင့် ထောင်ဒဏ် နှစ်(၃၀)ချခံထားရတဲ့ စင်ကာပူနိုင်ငံသူရဲ့ အယူခံ ပယ်ချခံရ

မြန်မာနိုင်ငံသူ အိမ်ဖော်မိန်းကလေး ကို သတ်ဖြတ်မှုကြောင့် ထောင်ဒဏ် နှစ်(၃၀)ချခံထားရတဲ့ စင်ကာပူနိုင်ငံသူရဲ့ အယူခံ ပယ်ချခံရ

 

 

 

 

 

 

 

 

 

 

 

 

မြန်မာ နိုင်ငံ သူ အိမ်ဖော်မိန်းကလေးကို သတ်ဖြတ်မှု နဲ့ လွန်ခဲ့တဲ့နှစ် က ထောင်ဒဏ်အဖြစ် နှစ်(၃၀)ချမှတ်ခံခဲ့ရတဲ့ စင်ကာပူနိုင်ငံသူ အိမ်ရှင်အမျိုးသမီး ရဲ့ အယူခံ တင်ပြရန်ကြိုးပမ်းမှုကို စင်ကာပူတရားရုံး ကပယ်ချလိုက်တယ်လို့ သိရပါတယ်။ အိမ်ရှင်အမျိုးသမီးက သူ့ရဲ့ အယူခံ ကို အထောက်အကူ ပြုပေးမယ့် အထောက်အထား အသစ်တွေ ကို တင်ပြရန် ကြိုးစားခဲ့ပေမယ့် အဆိုပါကြိုးပမ်းမှု ဟာအယူခံနဲ့ ဆက်စပ်မှု မရှိဘူးလို့ စင်ကာပူ အယူခံ တရားရုံး က ဆုံးဖြတ်ခဲ့ပါတယ်။

 

 

မြန်မာနိုင်ငံသူ အိမ်ဖော်မိန်းကလေး ဟာ (၁၄)လကျော် ကာလအတွင်း ကိုယ်ထိလက်ရောက်ကျူးလွန်မှု နှင့် အနိုင်ကျင့်မှုများကို အကြိမ်ကြိမ် ခံစားခဲ့ရပြီး (၂၀၁၆) ခုနှစ် ၊ ဇူလိုင်လ (၂၆)ရက်နေ့ က ကွယ်လွန်တိမ်းပါးသွားခဲ့ပါတယ်။ အိမ်ဖော်မိန်းကလေး ဟာ သေဆုံးချိန်မှာ လည်ပင်း၌ ပြင်းထန်ဒဏ်ရာများရရှိခဲ့တဲ့အပြင် ဦးနှောက်ဒဏ်ရာများလည်းရရှိခဲ့ပြီး ကိုယ်အလေးချိန်မှာလည်း (၂၄)ကီလို သာ ရှိခဲ့တယ်လို့သိရပါတယ်။

 

ထို မိန်းကလေး ဟာ မသေဆုံးခင်ရက်ပိုင်းအတွင်းက အစာရေစာ ပြတ်လတ်ခံထားရပြီး အမှိုက်ပုံးမှ အစားအစာကိုယူစားရန်ကြိုးပမ်းရာမှ သေလုနီးပါးရိုက်ခံခဲ့ရပြီး ပြတင်းပေါက်တန်းမှာ ကြိုးနဲ့ချည်ခံထားခဲ့ရတယ်လို့သိရပါတယ်။ ထိုအတွက် အိမ်ရှင်ဖြစ်သူ စင်ကာပူနိုင်ငံသူ အား အပြစ်ရှိကြောင်း စွဲချက် (၂၈)ခုဖြင့် တရားရုံးမှ အပြစ်ဒဏ်ချမှတ်ခဲ့ပြီး နောက်ထပ် စွဲချက် (၈၇)ခုဖြင့်လည်း ပြစ်ဒဏ်ချမှတ်ရန် စီစဥ်နေပြီဖြစ်ပါတယ်။

 

 

Photo Credit From Original Uploader
Photo Credit From Original Uploader

Add a Comment

Your email address will not be published.