လေယာဥ်ကို ပုဆိန်ဖြင့် ခုတ်ဖို့ကြိုးစားတဲ့ ထိုင်းအမျိုးသား ဖမ်းဆီးခံရ
|လေယာဥ်ကို ပုဆိန်ဖြင့် ခုတ်ဖို့ကြိုးစားတဲ့ ထိုင်းအမျိုးသား ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ၊ သုဝဏ္ဏဘူမိ လေဆိပ် မှာ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပြီး ထိုဖြစ်ရပ်ဟာ ကမ္ဘာအနှံ့ နာမည်ကျော်ကြား ပျံ့နှံ့နေပါတယ်။
ထိုင်းအမျိုးသားတစ်ဦး ဟာ သုဝဏ္ဏဘူမိလေဆိပ် ထဲမှာရှိတဲ့ လေယာဥ်ကွင်းထဲကို ဆိုင်ကယ်နဲ့ဝင်သွားကာ လေယာဥ် ကို ပုဆိန်နဲ့ ခုတ်ခဲ့တဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ထို ထိုင်းအမျိုးသား ဟာ ဆေးကြောင်နေခဲ့တယ်လို့ ဖမ်းဆီးသူတွေပြောကြားချက်အရ သိရပါတယ်။ တခြားအကြောင်းအရင်းအနေနဲ့တော့ မရှိဘူးလို့လည်း ခန့်မှန်းသိရှိရပါတယ်။