ကလေးငယ်လေးတွေကို အအေးမတိုက်သင့်တဲ့အကြောင်းအရင်း

ကလေးငယ်လေးတွေကို အအေးမတိုက်သင့်တဲ့အကြောင်းအရင်း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပတ်ဝန်းကျင်မှာ ဂတ်စ် နဲ့ ဆိုဒါ ပါတဲ့ ready made အချိုရည်ဘူးတွေ အလွယ်တကူ ဝယ်လို့ရနေတာဟာ ခေတ်မှီမှုရဲ့ ပြယုဂ်ဖြစ်ပေမယ့် တစ်ဖက်မှာ ဒီအအေးတွေကို ကလေးငယ်တွေ သောက်ဖို့ အခွင့်အရေးပေးသလိုဖြစ်နေပါတယ်။ ခုခေတ်ကလေးငယ် တော်တော်များများကတော့ အချိုရည်ဘူးတွေကို လွယ်လင့်တကူသောက်လို့ရတဲ့အပြင် အသက်(၅)နှစ်မပြည့်ခင်တင်ပဲ စောစီးစွာ သောက်နေကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဆရာဝန်တွေက ဂတ်စ် နှင့် ဆိုဒါပါတဲ့ အအေးဘူးတွေကို အသက်ငါးနှစ်အောက်ကလေးတွေ မတိုက်သင့်သေးဘူးလို့ အကြံပြုထားပါတယ်။ ထို အချိုရည်တွေမှာ ကလေးငယ်လေးတွေအတွက် ဘာ အာဟာရတန်ဖိုး မရှိတဲ့အပြင် ကလေးတွေရဲ့ ရေရှည်ကျန်းမာရေးအတွက် ဆိုးကျိုးတွေပဲ ဖြစ်စေနိုင်ပါတယ်။ ကလေးငယ်တွေအနေနဲ့ အချိုရည်ကို စောစီးစွာသောက်ဖြစ်နေတယ်ဆိုရင် အချိုဓာတ်လွန်ကဲလို့ အဝလွန်နိုင်ပြီး ဆီးချို​​ရောဂါ ဖြစ်လာနိုင်ပါတယ်။ ဒါတင်သာမက ကယ်လ်စီယမ်စုပ်ယူမှုကို ဟန့်တားနေတဲ့အတွက် အရိုးပျော့လာနိုင်ပြီး အရိုးအဆစ်နာကျင်မှုဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အခြားသောရောဂါများဖြစ်တဲ့ သွားရေစီးကမ်းပြိုလာနိုင်ခြင်း ၊ နှလုံးရောဂါ ၊ ရေဓာတ်ခမ်းပြီး ဝမ်းချုပ်ခြင်း ၊ စိတ်တိုလွယ်ခြင်း ၊ ဒေါသကြီးခြင်း ၊ ဂျီကျခြင်း စတဲ့အပြုအမူပိုင်းဆိုင်ရာ ပြဿနာများအပြင် ခံတွင်းပျက်ပြီး အစာကျွေးရခက်တဲ့ ပြဿနာများလည်းဖြစ်ပေါ်တတ်တယ်လို့ဆိုပါတယ်။

 

 

ဒါကြောင့် ကလေးငယ်တွေကို အချိုရည်လုံးဝမတိုက်တာဟာ သူတို့အတွက် အကောင်းဆုံးပါပဲ။ အဲ့သလိုဖြစ်နေဖို့ လူကြီး မိဘတွေကိုယ်တိုင်ကလည်း လုံးဝမသောက်ဖို့နဲ့ အိမ်ထဲသယ်မလာဖို့ လိုပါတယ်။ လူကြီး မိဘတွေ အနေနဲ့လည်း အသက်လေးဆယ်ကျော်လာရင် သွေးတိုး၊ ဆီးချိုစတဲ့ ရောဂါတွေ ဖြစ်နိုင်ဖို့ ရာခိုင်နှုန်းများလာပါတယ်။ ဒါကြောင့် လာမယ့် နှစ်အနည်းငယ်အကြာမှာ အဲဒီရောဂါတွေ မဖြစ်ဖို့ကလေးအရွယ်ကတည်းက သတိထားဆင်ခြင်ပေးဖို့ လိုအပ်ကြောင်းဖော်ပြလိုက်ရပါတယ်။

 

 

Photo Credit From Original Uploader
Photo Credit From Original Uploader

Add a Comment

Your email address will not be published.