မိမိကိုယ်မိမိ သေမိန့်ချမှတ်ခဲ့သော မကွေးမင်းကြီး ဦးကြာဥ

မိမိကိုယ်မိမိ သေမိန့်ချမှတ်ခဲ့သော မကွေးမင်းကြီး ဦးကြာဥ

 

 

 

 

 

 

 

 

 

 

 

 

 

ပုဂံကျောက်ဖြုန်း ဥတစ်လုံး ဟုဆိုသော ငယ်စဉ်က ကျောက်ရူးရောဂါရှိသော ကြက်တိုက်ငှက်တိုက် ချိုးထောင် ငှက်ထောင် ဝါသနာကြီးလှသော ပုဂံမင်းကြီးသည် ညီတော်မင်းတုန်းမင်း၏နန်းချခြင်းကို ခံရသော အခါ ညီတော်မင်းတုန်းမင်းအား ညီတော်ဘုရင် ကြာကြာလုပ်ချင်ရင် ဂွေးကိုလုံအောင် ထိန်းကွဲ့ ဟု မှာတော်မူရှာသည်။ပုဂံမင်းကြီးမှာခဲ့သော ဂွေး လုံအောင်ထိန်းဆိုသည်မှာ(မကွေး) မင်းကြီးဦးကြာဥ(ယောမင်ကြီးဦးဘိုးလှိုင်၏ယောက္ခမတော်စပ်သူဝန်ရှင်တော်မင်းကြီးမဟာ မင်းလှသီဟသူဘွဲ့ခံ)ကိုရည်ညွှန်းပြောဆိုခြင်းဖြစ်၏။မကွေးမင်းကြီးသည်သာယာဝတီမင်းကြီး စိတ်ဖောက် ပြန်သွားသောအခါ ပုဂံမင်းကို ထီးနန်းရစေရန် ကူညီ ခဲ့၏။မင်းတုန်းမင်းက ပုဂံမင်းကို တိုက်ခိုက်ရာ အမရပူရမြို့ အတွင်းမှ မင်းတုန်းမင်းကို ကူညီပေးခဲ့၏။မြင်ကွန်းမြင်းခုန်တိုင်အရေးအခင်း၌ မင်းသား ညီနောင်ဘက်မှ ကူညီပြန်၏။ဤဖြစ် ရပ်ကား မြင်ကွန်းမြင်းခုံတိုင်မင်းသားအရေးတော် ပုံနှင့်ဆက်စပ်နေလေသည်။မြင်ကွန်းမင်းသား က ဘထွေးတော် အိမ်ရှေ့စံ ကနောင်မင်း သားကို လုပ်ကြံ သတ်ဖြတ်ပစ်လေသောအခါကနောင်မင်း၏ ရင်သွေးတော် ပတိမ်းမင်းသားမှာ မခံမရပ်နိုင်ဖြစ်ပြီး မင်းတုန်းမင်းတရားကြီးကိုပုန်ကန်လေတော့သည်။အကယ်၍အိမ်ရှေ့စံကနောင်မင်းလုပ်ကြံမခံရ၍ရှင်ဘုရင်ဖြစ်လျှင်ပတိန်းမင်းသားသည်အိမ်ရှေ့စံ(နောင်တွင်ရှင် ဘုရင်ဖြစ်မည့်သူ)အလောင်းအလျာဖြစ်နိုင်သည်။သူ၏ဖခင်လုပ်ကြံခံလိုက်ရသည့်အခါသူ၏ရှင်ဘုရင်အိမ်မက်သည်လည်းပျောက်ကွယ်၍ သူ၏ရပ်တည်မှုပါ မသေချာမရေရာတော့ချေ။ဤသည့်ပုန်ကန်မှုကြီး၌ နန်းတွင်းမှနေ၍ မကွေးမင်းကြီး ဦးကြာဥက လျှို့ဝှက်စွာရိက္ခာများ ထောက်ပံ့ခြင်း ပြုသည်ဆို၏။

 

နောက် အရေးတော်ပြီးစီးသွားသောအခါ… “မကွေးမင်းကြီးက စားနပ်ရိက္ခာ” သူပုန်ပတိန်းမင်းသား တို့ဘက်ကို ထောက်ပံ့ကူညီခဲ့သည်ဟူ၍ အမှုကြီး ပေါ် လာလေ၏။သို့သော်လည်း မကွေးမင်းကြီးက ရွံ့ကြောက် တုန်လှုပ်ခြင်း အလျင်းပင်မရှိချေ။မင်းတုန်းမင်းတရားသည်သူများပြောတိုင်း ယုံကြည် တော်မမူဘဲ အမှုမှန်ဖြစ်စေရန်အလို့ငှါ မကွေးမင်းကြီး ကို ရှေ့တော်ခေါ်စေလျက် မှူး မတ်ဗိုလ်ပုံစုံရာရှေ့မှောက်၌ ကိုယ် တိုင်စစ်ဆေးတော်မူလျှင် မကွေးမင်းကြီးက ကွယ်ဝှက်ခြင်း မရှိ။ ဟုတ်မှန်ကြောင်း ဝန်ခံသံတော်ဦး တင်လိုက်၏။ထိုအခါမင်းတုန်းမင်းကြီးမှ…“ကောင်းပြီ၊ အမတ်ကြီးသည် လွှတ်တော်တရားသူကြီး လည်း ဖြစ်သည်။ အမတ်ကြီး၏အမှုကို အ မတ်ကြီး ကိုယ်တိုင် စီရင်ချက် ချရမည်”ဟုမိန့်တော်မူ၏။ထိုအခါ မကွေးမင်းကြီးက မိမိတရားအတွက် မိမိ ကိုယ်တိုင် တရားသူကြီးကောင်းတို့၏နေရာ၌ ရပ်တည် လျက် ဤ သို့စီရင်ချက် ချလေသည်။သူပုန်ရန်သူအား စားနပ်ရိက္ခာများ ထောက်ပံ့သောသူ သည် မြို့ကိုကျော် သောအမှုဖြစ်သောကြောင့် သက်ရှိ သက် မဲ့ ဥစ္စာပစ္စည်းအားလုံးကို သိမ်းစေ၊ရာထူးစည်းစိမ်ကို နှုတ်သိမ်းစေ၊ တစ်ဆွေလုံး တစ်မျိုးလုံး ကိုလည်း မီးလောင်တိုက်သွင်းစေ၊ မိမိကိုယ်တိုင်ကိုလည်း သတ်စေ”ဟူ၍ စီရင်ချက် ချလေသတည်း။ဤစီရင်ချက်ကြောင့် မင်းတုန်းမင်းတရားမှာ အံ့အား သင့်စွာဖြင့် ဤသို့မိန့်တော်မူ၏။“မင်းကြီးသည် မင်းအဆက်ဆက် အမှုတော်ကို ထမ်းဆောင်ခဲ့သောဂုဏ်ထူးရှိသည်။ မိမိကိုယ်၌ မှု ပြစ် ရှိသည်ကို မထိန်မချန် ဟုတ် မှန်သည့်အတိုင်း တင်လျှောက် သည်။ ရှေးထုံးရှေးစံ စာတမ်းစာလာရှိသည့်အတိုင်း စည်းစိမ် ရာထူးကို မငဲ့ ကွက် ၊ အသက်နှင့်တကွ ဆုံး ရှုံးစေရန် ရဲရဲဝံ့ဝံ့ မှန်ကန်ရာ တရားလမ်းရှိသည့်အတိုင်း စီရင်ချက် ပေးကြောင်း လျှောက်ဝံ့သော ဂုဏ်ထူးရှိပေ သည်။ယင်းသို့ ဖြောင့် မတ် သောမင်းကြီးကို၄င်း စီရင်ချက်ချ သည့်အတိုင်း မပြု မစီရင်ထိုက်ပေ။ မိမိအသက်စည်းစိမ်ကို စိုး ရိမ်သော ကြောင့်သာ ဓါး နီးရာ ကို ခိုရသောအရာ ဖြစ်ချေသည်။သို့ဖြစ်၍ သက်တော်ရှည်မင်းကြီးရာထူးကို ချီးမြောက် တော်မူလိုက်သည် ”ဟူ၍ မိန့်တော်မူပြီးလျှင် ကျောက်စီ တောင်ဝှေးကို သနားတော်မူလေသတည်း။ အမြော်အမြင်ရှိသောမင်းတုန်းမင်းကြီး ၏စိတ်ထား ပြည့်ဝသောကြောင့် အသတ်မခံရပေ။အမှု ၏အဖျားပိုင်းကို မရှုလေဘဲ ရင်းမြစ်ကိုလိုက်၍ “မှုပြစ်ထင်ရှားလေတိုင်းကိုလည်း အပြစ်မပေးအပ်” ဟူသော သာဓကတစ်ရပ်အဖြစ်ဖြင့် ရာဇဝင်တစ်နေရာ တွင် ဆီမီးတစ်ခွက် လင်းလက်စေခဲ့ပေသတည်း။

 

Credit

Add a Comment

Your email address will not be published.