ပြည်မြို့တစ်ဖက်ကမ်းက အကောက်တောင် သို့ ဘုရားဖူးလာတဲ့ကား မှောက် ၍ (၃)ဦးသေဆုံး

ပြည်မြို့တစ်ဖက်ကမ်းက အကောက်တောင် သို့ ဘုရားဖူးလာတဲ့ကား မှောက် ၍ (၃)ဦးသေဆုံး

 

 

 

 

 

 

 

 

 

 

 

 

 

 

ယနေ့ ဧပြီလ(၂၉)ရက်နေ့ နံနက် (၇) နာရီ အချိန်ခန့်က ကြံခင်းမြို့ ဘိလပ်မြေစက်ရုံမှ ဘုရားဖူးလာတဲ့ ကားတစ်စီးဟာ အကောက်တောင် တောင်တက် လမ်းတစ်ဝက်ခန့်တွင် ချောက်ထဲသို့ ပြုတ်ကျ၍ တိမ်းမှောက် မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

 

အဆိုပါ ကားပေါ်တွင် အမျိုးသမီး ခြောက်ဦး နှင့် အမျိုးသား ငါးဦး လိုက်ပါလာခဲ့ပြီး အမျိုးသမီး နှစ်ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင် ဆုံးပါးသွားခဲ့ပြီး ၊ အမျိုးသားတစ်ဦးမှာ ဆိပ်သာတိုက်နယ်ဆေးရုံအရောက်တွင် ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။

 

 

ဆိပ်သာတိုက်နယ် ဆေးရုံမှ တစ်ဆင့် ဟင်္သာတ ဆေးရုံကြီးသို့ အမျိုးသားလူနာ နှစ်ဦး ၊ အမျိုးသမီး လူနာ နှစ်ဦး ( ကလေး တစ်ဦး ) ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ပြီးနောက် ကျန်လေးဦးမှာ ဆိပ်သာတိုက်နယ် ဆေးရုံတွင် ဆက်လက် ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။

Add a Comment

Your email address will not be published.