ဧရာမ သဲမုန်တိုင်းကြီးတိုက်ခတ်ခဲ့သည့် အလားတောင်ထင်ရတဲ့ ရခိုင်ပြည်နယ်မှာ လေပြင်းကျရောက်ခဲ့တဲ့ ရုပ်သံဖိုင်

ဧရာမ သဲမုန်တိုင်းကြီးတိုက်ခတ်ခဲ့သည့် အလားတောင်ထင်ရတဲ့ ရခိုင်ပြည်နယ်မှာ လေပြင်းကျရောက်ခဲ့တဲ့ ရုပ်သံဖိုင်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မြန်မာနိုင်ငံအတွင်းက မြို့နယ်တချို့တွေမှာအချိန်အခါမဟုတ် မိုးသက်လေပြင်းများကျရောက်မှုတွေ ယခုတလော ပိုမိုဖြစ်ပွားလာတာကို တွေ့ရပါတယ်။ ဧပြီလ ၂၀ ရက် ယမန်နေ့ကလည်း ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ လေပြင်းများဝင်ရောက်တိုက်ခတ်မှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လေပြင်းဟာ နေ့လည်ပိုင်းအချိန်ခန့်က တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

 

 

လေပြင်းတိုက်ခတ်မှုရှိခဲ့တဲ့ မြို့နယ်များမှာ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စတဲ့မြို့နယ်များလည်းပါဝင်ပြီး လေတိုက်ခတ်နှုန်းပြင်းထန်မှုကြောင့် အဆိုပါဒေသရှိ စစ်ရှောင်စခန်းရှိ လူနေတဲအိမ် အများအပြား နှင့် သစ်ပင်များ ၊ ဓာတ်တိုင်များ ပြိုကျပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဒေသသတင်းအရစ်များအရ သိရပါတယ်။

 

 

ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တွေမှာတော့ ရခိုင်ပင်လယ်ပြင်အပါအဝင် အချို့နေရာမှာ ဧရာမသဲမုန်တိုင်းကြီးတိုက်ခတ်ခဲ့သည့်အလား ထင်မှားရလောက်အောင် အလုံးလိုက်အခဲလိုက်မှောင်မည်းသွားတဲ့အထိ တိုက်ခတ်ခဲ့တာ တွေ့ရပါတယ်။ အဆိုပါ လေပြင်းတိုက်ခတ်မှုဟာ ရုပ်ရှင်တွေထဲမှာသာ မြင်တွေ့ရတဲ့ ထူးထူးခြားခြား ဖြစ်ရပ်တွေပါ။ မြန်မာနိုင်ငံမှာတော့ ဒီဖြစ်ရပ်ဟာ တစ်သက်မှာတစ်ခါတောင်မြင်တွေ့ရခဲတဲ့ လေပြင်းတိုက်ခတ်မှုသာ ဖြစ်ပါတယ်။

 

သတင်း အရင်းအမြစ်៖ Source – WN / Tin Oo Kyaw / Original original

Add a Comment

Your email address will not be published.