တောင်ဒဂုံမြို့နယ် မောင်းမကန်လမ်းမကြီးရှိ ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

တောင်ဒဂုံမြို့နယ် မောင်းမကန်လမ်းမကြီးရှိ ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

တောင်ဒဂုံမြို့နယ် မောင်းမကန်လမ်းမကြီးရှိ ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဧပြီ ၁၈ ရက် (ယနေ့) နံနက် ၉ နာရီခန့်က ၎င်းဘဏ်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ယင်းဘဏ်အနီးနေထိုင်သူများထံမှ သိရသည်။

‌အဆိုပါ ကမ္ဘာ့ရတနာဘဏ် မောင်းမကန်(ကမ်းသာဘဏ်ခွဲ)သည် မောင်မကန်လမ်းမကြီးနှင့် လှော်ကားလမ်းထောင့် ဘုန်းကြီးကျောင်းကွေ့မီးပွိုင့်အနီးတွင် တည်ရှိပြီး ဘဏ်မန်နေဂျာ ဦးစောမိုးဝင်းသည် ဘဏ်ရှေ့ဝန်းကျင် မောင်မကန်လမ်းပေါ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

တောင်ဒဂုံမြို့နယ်၊ မောင်းမကန်လမ်းမကြီးတွင် နေထိုင်သူတစ်ဦးက ” သေနတ်အပစ်ခံရတာ ဟုတ်ပါတယ်။ ဘဏ်ရှေ့မှာပါပဲ။ သေနတ်ပစ်ခံရပြီး ဆုံးသွားပါတယ်။ ဘဏ်ကို ဓားပြတိုက်မယ့်သူတွေကို သူရောက်လာတဲ့အချိန် တွေ့လို့ တားဆီးတယ်ပေါ့။အဲ့မှာ ဓားပြတိုက်မယ့်ကောင်တွေက သေနတ်နဲ့ပစ်သွားတာ ” ဟုပြောကြားခဲ့သည်။

သေနတ်ဖြင့် ပစ်ခတ်သူများသည် ကမ္ဘာ့ရတနာဘဏ် မောင်းမကန်(ကမ်းသာဘဏ်ခွဲ)ကို ဓားပြတိုက်ရန် ဘဏ်ရှေ့တွင် ရောက်ရှိပြင်ဆင်နေစဉ် အဆိုပါဘဏ်မန်နေဂျာ ရောက်ရှိလာသည်နှင့်တိုက်ဆိုင်ကာ ဓားပြများကို တားဆီးလုံးထွေးခဲ့ကြောင်း၊ ယင်းနောက် သေနတ်ဖြင့်ပစ်ခတ်ကာ မော်တော်ယာဉ်တစ်စီးဖြင့် မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။

သေနတ်ပစ်ခတ်သံ နှစ်ချက်ခန့်ကြားရပြီး ပစ်ခတ်ခံရသည့် ဘဏ်‌မန်နေဂျာသည် သေနတ်ဒဏ်ရာဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားကြောင်း သိရသည်။

ယင်းဖြစ်ရပ် ဖြစ်ပွားမှုကြောင့် ဘဏ်အား ယာယီပိတ်ထားသည်။

Add a Comment

Your email address will not be published.