တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၈၀ ကျော်ကို လိုဏ်ဂူအတွင်း ဖမ်းမိခဲ့တဲ့ ရုပ်သံဖိုင်

တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၈၀ ကျော်ကို လိုဏ်ဂူအတွင်း ဖမ်းမိခဲ့တဲ့ ရုပ်သံဖိုင်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ယခုတလော ရွှေ့ပြောင်းမြန်မာအလုပ်သမားအများစုဟာ ထိုင်းနိုင်ငံနယ်စပ်မှာ ရာနဲ့ချီ အစုလိုက်အပြုံလိုက် ဖမ်းမိခဲ့တဲ့ သတင်းတွေကလည်း နေ့စဉ်ဆက်တိုက် ဆိုသလို စိတ်မကောင်စွာ တွေ့မြင်ရပါတယ်။ ယခုမှာလည်း နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်လာတဲ့ တရားမဝင်မြန်မာ ၈၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင့် ထိုင်းမီဒီယာများက ဖော်ပြလာခဲ့တာ တွေ့ရပါတယ်။

 

 

ဇန်နဝါရီလ ၂၀ ရက်နေ့ နေ့လည်က တရားမဝင် နယ်စပ်ဖြဦး၊တ်ကျော်လာတဲ့ မြန်မာ ၈၀ ကျော်ကို ကန်ကျနဘူရီခရိုင် Khao Laem National Park အနီးရှိ လှိုင်ဂူအတွင်းမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဖမ်းမိခဲ့တဲ့ သူတွေထဲမှာ အမျိုးသား ၆၀ အမျိုးသမီး ၂၃ ဦး ဖြစ်ဘုရားသုံးဆူ ၊ မော်လမြိုင် ၊ရန်ကုန် ၊ပဲခူး ၊ထားဝယ် ဒေသတို့က ဖြစ်ပြီး ထိုင်းနိုင်ငံ စမွန်စခွန် ၊ ရက်ချဘူရီ ၊ ကန်ချနာဘူရီ နဲ့ဘန်ကောက်တို့ မှာ အလုပ်ရဖို့ ထွက်လာကြတဲ့ သူတွေလို့ သိရပါတယ်။

 

 

သူတို့ဟာ ထိုင်းမှာအလုပ်လုပ်ရဖို့အတွက် ပွဲစားကို တစ်ယောက် ထိုင်းငွေ ဘတ် ၁ သောင်းကနေ ၂ သောင်းခွဲ အထိ ပေးရတယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာတော့ မြန်မာ ၈၀ ကျော်ဟာ မြို့တွင်းကိုဝင်ရောက်ဖို့အတွက် လာခေါ်မည့်ပွဲစားကိုစောင့်နေချိန်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဖော်ပြလာတဲ့ ရုပ်သံဖိုင်မှာတော့ ဂူထဲကနေ ဖမ်းမိခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးမေးမြန်းဖို့အတွက် ကား ၁၀ စီးနဲ့ ရဲစခန်းကို ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

https://web.facebook.com/watch/?v=3109718829274787

သတင်းအရင်းအမြစ်៖ Source – Bangkok Post

Add a Comment

Your email address will not be published.