အိမ်နောက်ဖေးတွင် စိုက်ပျိုးထားသော ဖရုံသီးအားချက်စားကုန်သလောက်လေးသာ ခွဲပြီးယူသွားသည့်သူခိုး

 

 

 

 

 

 

လောကကြီးရှိ လူသားတို့သည် စိတ်ဓာတ်အမျိုးမျိုးရှိကြရာ အရိုးသားဆုံးနဲ့ ကောင်းရာမွန်ရာလုပ်စားပြီး ဘဝကိုရှင်သန်ဖြတ်သန်းတာမျိုးရှိသလို ကိုယ်တိုင်ကျအလုပ်မလုပ်ချင်ပဲ သူတစ်ပါး ပစ္စည်းဥစ္စာကိုသာ လွယ်လွယ်နဲ့ အချောင်ရချင်သည့်အတွက် သူခိုးအဖြစ်နဲ့ရှင်သန်နေကြသူများလည်း ရှိသည်။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံ ပန်ဂါစီနန်ရှိ မိသားစုတစ်စုမှ ဟင်းသီးဟင်းရွက်များအား လတ်လတ်ဆတ်ဆတ်စားချင်တာရန်နှင့် ကုန်ကျစရိတ်သက်သာစေရန် အိမ်နောက်ဖေးတွင်စိုက်ပျိုးထားခဲ့သည်။

တစ်နေ့တွင် ပိုင်ရှင်တွေ အိမ်မှာမရှိခိုက် ရပ်ကွက်ထဲရှိ သူခိုးတစ်ဦးသည် အိမ်နောက်ဖေးကစိုက်ပျိုးထားသော ဖရုံသီးအားတွေ့ခဲ့စဥ် ပိုင်ရှင်ဖြစ်သူမိသားစုမှ လက်လုပ်လက်စားသမားတွေသာဖြစ်သည့်အတွက် ဖရုံသီးအားတစ်လုံးလုံးခိုးယူမသွားပဲ ချက်စားကုန်သလောက်လေးသာ ခွဲခြမ်းပြီးအစိတ်လိုက်လေး ယူသွားခဲ့သည်။

ပိုင်ရှင်မိသားစုမှ ပြန်လာသောအခါ ဖရုံသီးရဲ့အဖြစ်ကိုကြည့်ရင်း သူခိုးအားစိတ်မဆိုးတော့ပဲ အကုန်လုံးမယူသွားသည့်အတွက်ကို ကျေးဇူးတင်နေရင်း သူခိုးရဲ့ကြင်နာသောလုပ်ရပ်အတွက် ချီးမွမ်းကာ လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

ထိုအဖြစ်ကြောင့် လူအများမှ သူခိုးအားပြက်ရယ်ပြုခဲ့ကြသော်လည်း ခိုးယူမည့်အစား ပိုင်ရှင်ထံ ရိုးရိုးသားသားဖွင့်ပြောပြီး တောင်းယူသင့်သည်ဟု ဆိုခဲ့ကြသည်။

Rain (For Ialinks

Add a Comment

Your email address will not be published.